သာယာဝတီခရိုင်အတွင်း ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ပစ္စည်းများ တရားမဝင်ရောင်းချမှုရှိ/မရှိဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် တရားမဝင် တင်သွင်း ရောင်းချသော ထိုင်းနိုင်ငံထုတ် Gano  အမှတ်တံဆိပ်ဖြင့် ကုန်ပစ္စည်းများ ‌ရောင်းချခြင်းရှိ/မရှိအား ၂၀.၆.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် သာယာဝတီမြို့ ၊ လက်ပံတန်းမြို့၊ အုတ်ဖိုမြို့၊ ကြို့ပင်ကောက်မြို့၊ မင်းလှမြို့နှင့် နတ်တလင်းမြို့ တို့တွင်လည်းကောင်း ၊ ၂၁.၆.၂၀၂၂ ရက်နေ့တွင် မိုးညိုမြို့နယ်တွင် လည်းကောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စည်ပင်သာယာဈေး အတွင်း အပြင်ရှိ ဆေးဆိုင်များ၊ မုန့်မျိုးစုံဆိုင်များနှင့် စတိုးဆိုင်များတွင် ထိုင်းနိုင်ငံထုတ်  Gano အမှတ်တံဆိပ်ဖြင့်  ကော်ဖီ ( 3 in 1) ၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများ တရားမဝင် တင်သွင်းရောင်းချခြင်း ရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးရာ ‌ရောင်းချမှု မရှိကြောင်း တွေ့ရှိရ ပါသည်။ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အရည်အသွေးမီ ကုန်ပစ္စည်းများရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေး အခန်း (၁၈) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့် အချက်အလက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)