ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်တွင် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူ ပြုနိုင်သည့် တိရိစ္ဆာန်အစာပင် အာဟာရပြည့်ဝ နေဗီယာ မြက်အခမဲ့မျိုး ဖြန့်ဝေပေးမှု စိုက်ပျိုးခြင်းလုပ်ငန်းကို (၂၁.၆.၂၀၂၂)ရက်နေ့ ၊ နံနက် ၉ :၀၀ နာရီအချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊ တိ/မွေးကု ဌာန၊ ကျေးလက်ဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ စိုက်ပျိုးရေး ဦးစီးဌာန ၊ မြေစာရင်းဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေသခံဖြစ်သော ဆန်စပါး အသင်းဝင် ဦးကျော်ဦး၏ လယ်မြေ ၂ ဧက၌ အခမဲ့စိုက်ပျိုးပေးနေမှုအား တွေ့ရှိရပါသည်။
ဒေသခံပြည်သူများအနေဖြင့် အစာစရိတ်သက်သာပြီး အာဟာရပြည့်ဝသည့် နေဗီယာ မြက် စိုက်ပျိုးမှုအပေါ် စိတ်ဝင်စားစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မိုးရာသီ တိရိစာ္ဆန် အစာပင် စိုက်ပျိုးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါသည်။
နေဗီယာမြက် စိုက်ပျိုးမှုပြုလုပ်နေသော ဦးကျော်ဦးမှ မွေးမြူထားသော နို့စားနွားမ ၃ကောင် ၊ အညာနွား ၁၂ကောင်၊ စုစုပေါင်း ၁၅ကောင် မွေးမြူထားရှိရာ အစာဖူလုံမှု ရှိစေရန်အတွက် စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ ယခုနှစ် (၂၁၂၁-၂၀၂၂)တွင် နေဗီယာမြက်စိုက်ပျိုးပြီးစီးမှု ၈ ဧကရှိပြီး မွေးမြူရေး သမားများကို စိုက်ပျိုးရေးဦးစီးဌာနမှ အခမဲ့ မျိုးယူစိုက်ပျိုးခဲ့မှုမှာ ယခုအချိန်တွင် ၁၂ဧက မျိုးဖြန့်ဝေ ပေးခဲ့ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါက်တာ ဦးဇော်မင်းဦး လက်ထောက်ညွှန်ကြားရေးမှူး ထံမှ သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)