ရေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ရေးမြို့နယ် တာဝန်ခံသည် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခန်းမ၌ ၂၂.၆.၂၀၂၂ ရက်နေ့ ၁၀၀၀ နာရီတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ Talk Show ပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ သိမ့်သိမ်ရည် က ရေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး ရေးမြို့နယ်တာဝန်ခံက ဒေါ်အိဖြိုးက စားသုံးသူရေးရာဦးစီးဌာန၏ Vision ၊ Mission များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူနစ်နာမှုဖြစ်ပေါ်လျှင် တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ Consumer Call Center ဖုန်းနံပါတ်များ စသည် တို့အား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)