ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၃-၆-၂၀၂၂ရက် (ကြာသပတေးနေ့)၊ နံနက် ၁၀နာရီအချိန်တွင် ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က အဖွင့်အမှာ စကားပြောကြားပြီး အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်က စားသုံးသူအခွင့်အရေးများနှင့် တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အငယ်တန်းစာရေး ဒေါ်မိခင် သူဇာက ကုန်အညွှန်းအမှတ်အသား၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူ များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို သေချာစွာဖတ်ရှုပြီးမှ ဝယ်ယူတတ်စေရန် လက်တွေ့သရုပ်ပြမှုများနှင့် ရှင်းလင်းပြော ကြားခဲ့ပြီး ဟောပြောပွဲတွင် ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူ   ( ၁၆၁ ) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)