စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် ကျိုက်လတ် မြို့နယ် သမက်ပြေကျေးရွာရှိ ပြည်သူများအား (၁၉.၆.၂၀၂၂)ရက်နေ့ (၀၉:၀၀) နာရီမှ (၁၀:၀၀) နာရီထိ ကျိုက်လတ်မြို့နယ် သမတ်ပြေကျေးရွာရှိ သူရိန်လင်းဆန်စက်၌ စာသုံးသူအသိပညာပေး ဟောပြောပွဲ ကို ပြုလုပ်ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံမှစားသုံးသူကာကွယ်ရေးဥပဒေအကြောင်း များထဲမှ စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်ကိစ္စများ အကြောင်း စားသုံးသူများအနေဖြင့်ပါဝင်ပစ္စည်း၊ အလေးချိန်နှင့်ထုတ်လုပ်သည့်ရက်စွဲ ပြည့်စုံစွာဖော်ပြ ထားသောကုန်အညွှန်းအမှတ်အသားများပါဝင်သောပစ္စည်းများကို ဝယ်ယူကြရန်နှင့် ကုန်အညွှန်းအမှတ် အသားမပြည့်စုံသော ပစ္စည်းများကို ဝယ်ယူခြင်းမပြုရန် စားသုံးသူပြည်သူများ နစ်နာဆုံးရုံးမှုမရှိအောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုချပြရှင်းလင်းခြင်း၊ စားသုံး သူနစ်နာဆုံးရုံးမှု တစ်ရပ်ရပ်ကိုတိုင်ကြားလိုပါက လူကိုတိုင်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်း လမ်းတစ်ခုခုဖြစ်သောလည်းကောင်း သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူများနစ်နာမှုများရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)