
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်နှင့် ထားဝယ်စုရပ်တို့အားသွားရောက်၍ စားအုန်းဆီများနှင့် ဆန်များကို စျေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်းရောင်းချနေခြင်းရှိ/မရှိ၊ အလေးအချိန်မှန်ကန်စွာဖြင့် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချနေရှိ/မရှိနှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်း ရရှိပါသည်။
DOCA(တနင်္သာရီ)