
၂၃.၄.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့ပေါ်ရှိ Pro 1 ဆောက်လုပ်ရေးနှင့်အိမ်အသုံးအဆောင်ပစ္စည်း အရောင်းစင်တာ၊ ကျော်ကြားအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ A to Z အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေနှင့်သံချောင်းများဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေနှင့် သံချောင်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)