
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ကြက်ဥစျေးနှုန်းများ အနည်းငယ်စျေးနှုန်း မြင့်တက်လာခြင်းကြောင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်မာရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ခရိုင်စီမံကိန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးနှင့် မြို့သစ်ရပ်ရှိ သီဟဇေယျာစျေးကြီးအပြင် မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်ပြီး ကြက်ဥစျေးနှုန်းစျေးကွက်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဒေသထွက်ကြက်ဥရှားပါခြင်းနှင့် အခြားတိုင်း/ပြည်နယ်များမှသယ်ယူလျက်ရှိသော ကြက်ဥများ ကားလမ်းခရီသယ်ယူပို့ဆောင်မှုအခြေအနေမကောင်းသောကြောင့် မရောက်ရှိဘဲ ဒေသတွင် ကြက်ဥစျေးနှုန်းများအနည်းငယ်မြှင့်တက်လာပြီး အရောင်ဆိုင်များတွင် ကြက်ဥများ ပြတ်လပ်လျက်ရှိကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့များမှ ကြက်ဥရောင်းချသူများအား စျေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန်ပြောကြားခဲ့ပြီး စျေးကစားရန်ရည်ရွယ်ချက်ဖြင့် ရောင်းချခြင်း မရှိစေရေးနှင့် ရေလမ်းခရီးဖြင့်ဖြစ်စေ ကြက်ဥရောက်ရှိလာစေရေးဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)