မြန်အောင်မြို့ပေါ်ရှိ Mobile Phone၊ ကြိုးဖုန်း၊ Laptop နှင့် TV အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀.၅.၂၀၂၅)ရက် နေ့ နံနက်(၀၉:၀၀)အချိန်တွင် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့ပေါ်ရှိ Mobile Phone၊ ကြိုးဖုန်း၊ Laptop နှင့် TV အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။

      ထိုသို့စစ်ဆေးရာတွင် Mobile Phone၊ ကြိုးဖုန်း၊ Laptop နှင့် TV အရောင်းဆိုင်များတွင် ရောင်း ချသောပစ္စည်းများမှာ ဖော်ပြရမည့် သတင်းအချက်အလက်များ၊ အာမခံချက်ပေးထားသည့်ကာလ (သို့မ ဟုတ်) အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း(သို့)လဲလှယ်နိုင်ခြင်း၊ စားသုံးသူလက်ခံသုံးစွဲနိုင်သော အရည်အသွေးများ ဖော်ပြခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ကြော်ငြာကမ်းလှမ်းချက်၊ အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သောဖော်ပြချက်နှင့် ကိုက် ညီမှုများရှိကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊ အရောင်းဆိုင်ပိုင်ရှင်များနှင့် တာဝန်ခံများအနေဖြင့် ရောင်းချသော ကုန်စည်များနှင့်စပ်လျဉ်း၍ မှန်ကန်သော သတင်းအချက်အလက်၊ ပြည့်စုံသောဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ အာမခံ ထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင် ရွက်ပေးခြင်း၊ သုံးစွဲသူနှင့်သဘောတူညီထားသည့်အတိုင်း ပြန်လည်ပေးအပ်စေခြင်းနှင့် လိုက်နာ ဆောင် ရွက်ရမည့်အချက်အလက်များအား  အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)