မြန်အောင်မြို့နယ်အတွင်းရှိ ရေခဲစက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀.၅.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ မြန်အောင်မြို့၊ အမှတ်(၂၉) တာဝတိံသာလမ်းရှိ “ရှန်ထိန်” ရေခဲစက်နှင့် ကျိတ္တန်းအလယ်လမ်း၊ အမှတ်(၃)ရပ်ကွက်ရှိ “ကျိတ္တန်း” ရေခဲစက်သို့ သွားရောက်၍   သန့်ရှင်းမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများအသုံးပြုရန် ထုတ်လုပ်လျက်ရှိသော ရေခဲများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေး ခဲ့ပြီး၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက်များရရှိကာ စက်မှုလုပ်ငန်းမှတ်ပုံတင်ထားကြောင်းတွေ့ရှိရပါ သည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်  လုပ်ငန်း အတွင်း/ အပြင်၌ သန့်ရှင်းစေရေး၊ရေစီးရေလာကောင်းမွန်စေရန် နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန် စည်များကိုသာရောင်းချရန် အလေးထားဆောင်ရွက်စေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)