
(၂၈.၄.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ် ခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူပြည်သူများနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အွန်လိုင်းဖြင့်ဝယ်ယူပါက သတိထားသင့်သည့်အချက်များအကြောင်နှင့် အွန်လိုင်းဖြင့်ရောင်းချပါကလည်း မှတ်ပုံတင် လျှောက်ထားရမည့်အကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)