မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်ရှိ စိမ့်စမ်းသောက်ရေသန့်စက်ရုံမှ သောက်ရေသန့် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  ၂၃.၄.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့မ (၄) ရပ်ကွက်ရှိ စိမ့်စမ်းသောက်ရေသန့်စက်ရုံမှ ထုတ်လုပ်သော သောက်ရေ သန့်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးရာတွင် စိမ့်စမ်းသောက်ရေသန့်စက်ရုံမှ ထုတ်လုပ် သောသောက်ရေသန့်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)