ကြံခင်းမြို့နယ်တွင် စားသုံးသူရေးရာအသိပညာပေးTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၆.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက် ခဲ့ပါသည်။

     အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက  စားသုံးသူကာကွယ်ရေးနည်းဥပဒေ ပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ လမ်းစဉ်များအား အကျယ်တဝင့်ရှင်းလင်း ဆွေးနွေး ခဲ့ပြီး၊ စားသုံးသူများအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ဆက်သွယ်တိုင်ကြား နိုင်ကြောင်းကို လည်းကောင်း၊ တိုင်ကြားရာတွင် နစ်နာသည့် စားသုံးသူကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်များ၊ နစ်နာသည့် စားသုံးသူနှင့်ဆက်နွယ်သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများမှလည်းကောင်း၊ စားသုံးသူကာ ကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှလည်း တိုင်ကြားနိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)