ကြံခင်းမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား သက်ဆိုင်ရာဌာနဆိုင်များနှင့်အတူကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၂၀.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင်ရောင်း ချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန် ပေးသော သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက် ပါ ဆန်ဈေးနှုန်းထက်ကျော်လွန်ရောင်းချမှုမရှိကြောင်း၊  ဈေးကွက်အတွင်းရောင်းချနေသော ဆန်အမျိုး အစားအလိုက် ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိပြီး ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ မသမာသောနည်းလမ်းဖြင့်ဆန်ကြမ်းများ၊ဆန်ကွဲများရောနှော ရောင်းချခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)