အင်္ဂပူမြို့နယ် ခွဲတမ်းရစားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၂၀.၅.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီ အချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ  ခွဲတမ်းရ စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် အင်္ဂပူမြို့နယ်အနေဖြင့် ခွဲတမ်းရရှိသောစားအုန်းဆီများအားဖြန့် ဖြူးရာတွင် ပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချမှုရှိ/မရှိ၊ ဆီဝယ်ယူခွင့်စာအုပ် ရှိသော ပြည်သူများအား ဖြန့်ဖြူးရောင်းချနေမှုတို့ကိုစစ်ဆေးခဲ့ပြီး၊   ဆီထုတ်ကိုယ်စားလှယ်မှဖြန့်ဖြူး ပေးသည့် ခွဲတမ်းရစားအုန်းဆီများသတ်မှတ်ရည်ညွှန်းဈေး အပေါ် (၂%)အမြတ် ဖြင့်သာ ရောင်းချလျက် ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြောင်း၊ ဗွီနိုင်ချိတ်ဆွဲရောင်းချခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးများ ဖော်ပြကာ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)