ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှထုတ်ဝေသော ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင်နှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းပြုလုပ်

Powered by Drupal

   ၂၂.၄.၂၀၂၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လဖက်ရည်ဆိုင်များ၊ စတိုးဆိုင်များအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ဝေသော ကလေး အလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များနှင့် စားသုံးသူကာကွယ်ရေး အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

  ထိုသို့ ဖြန့်ဝေပေးရာ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းနှင့် မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့လိုက်ပါ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)