အင်္ဂပူမြို့နယ် မုန့်မျိုးစုံလုပ်ငန်းရှင်များအားထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၂၀.၅.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၃၀) အချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်စားသုံးသူဦးစီးဌာနရုံး၌ ဒေသတွင်းမုန့်မျိုးစုံ ထုတ် လုပ်လျက်ရှိသော လုပ်ငန်းရှင်များအား ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး  အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင် စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ ထုတ်လုပ်လျက်ရှိသောလုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များသိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက် ခံချက် ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လို အပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေ နပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များ အကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)