မြိတ်မြို့ပေါ်ရှိစားသောက်ဆိုင်များတွင် စားသုံးသူများ‌ဘေးကင်းစေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

   မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးကင်းလုံခြုံစေရေးအတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလ(၃၀)၊ ရက်နေ့တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့၊ မြိုင်အောင်ရပ်ရှိ စားသောက်ဆိုင်တချို့သို့သွားရောက်၍ စားသုံးသူများဘေးကင်းစေရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စားအသောက် ပြုပြင်ရောင်းချသည့် နေရာများ၊ သန့်ရှင်းသန့်ရပ် မှုအခြေအနေများအားစစ်ဆေးခဲ့ပြီး  စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအားလုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးရမည်ဖြစ်ကြောင်းနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊အရွယ်အစား (size) ပမာဏအလိုက် ဈေးနှုန်းအားပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားရန်ပြောကြား ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)