မအူပင်မြို့နယ် ၁ရပ်ကွက် ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အမှတ် (၁)ရပ်ကွက်နေပြည်သူ (၃၅)ဦးအား ကမ်းနားလမ်း၊ စားသုံးသူရေး ရာဦးစီးဌာနရုံး၌ ၂၀-၅-၂၀၂၅ ရက်နေ့ နေ့လည် (၁) နာရီက ဆောင်ရွက်ခဲ့သည်။

    အဆိုပါ ဟောပြောပွဲတွင် ခရိုင်စားသုံးရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်မင်းက စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက် အလက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူနစ်နာမှုများ ရှိပါက DOCA Myanmar application မှလည်း‌ကောင်း၊ Call Centre 1535 သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် အမှတ်(၁)ရပ်ကွက်နေ ပြည်သူများနှင့် ပြန်လှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

DOCA(ဧရာဝတီ)