စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showကို ၂၀၂၅ခုနှစ် မေလ ၂၁ရက်နေ့ နေ့ နံနက် ၁၀၀၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

     ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်း ဆွေးနွေးပြီး မြို့နယ်စာသုံးသူရေး ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးက ဦးခိုင်လွမ်းမိုး က စားသုံးသူ ရေးရာဦးစီးဌာန ၏ မျှော်မှန်းချက်၊ ရည်မှန်းချက် တာဝန်များ၊ စားသုံးသူကာကွယ်ရေး အတွက် ပြဌာန်းထားသည့် ဥပဒေများ၊ ညွှန်ကြားချက်များ၊ စားသုံးသူပြည်သူများ သတိပြုလိုက်တာရမည့်အချက်များ၊  စားသုံးသူကာကွယ်ရေးလုပ်ငန်း စဉ်ကိုသိရှိလို သော်လည်းကောင်း၊ စားသုံးသူအခွင့်အရေး ထိခိုက် နစ်နာပါကလည်း ဆက်သွယ်တိုင်ကြားလို လွယ်ကူသော  Telenor, Ooredoo, Mytel User ဖြစ်ပါက Consumer Call Center 1535 သို့လည်းကောင်း၊ MPT User ဖြစ်ပါက ၀၉၇၆၅၄၃ ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်ပြီး သိရှိလိုသည်များ စုံစမ်းနိုင်ပါကြောင်း စားသုံးသူရော၊ လုပ်ငန်းရှင်အများပြည်သူ သိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အတွက် မြို့နယ် ပြည်သူ့စာကြည့်တိုက်  Facebook Pageတွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)