ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် ဌာနဆိုင်ရာအဖွဲ့များနှင့်အတူ သပြုကျေးရွာအုပ်စုနှင့် ရေလဲကျေးရွာအုပ်စုတို့ရှိ အုပ်ချုပ်ရေးမှူး၊ စာရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များ၊ နှင့် တွေ့ဆုံ၍ စားသုံးသူအခွင့်အရေး ထိခိုင်နစ်နာမှုရှိပါက အလွယ်တကူတိုင်ကြားလို့ရသော ၁၅၃၅ call center အကြောင်း အများပြည်သူ သိရှိစေရန် အတွက် လက်တွေ့ဆက်သွယ်ဆောင်ရွက်ခြင်း ဥပမာပေးခြင်း ဟောပြောဆွေးနွေးမှုကို ၂၀-၅-၂၀၂၅ ရက်နေ့ နေ့လည်(၁၄၀၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

    ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကိုရှင်းလင်းခြင်း၊ ကုန်စည်/ဝန်ဆောင်မှု၊ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်နှင့် အခွင့်အရေးတို့ကို အကျယ်တဝင့် ရှင်းလင်းခြင်း ပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်း နိုင်ရန်အတွက်လည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက်လည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်/ ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင် ရွက်ရမည့်အချက်များကို အလွယ်တကူ စုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel နှင့် Ooredoo User များအပြင် MPT Sim Card User များလည်း ခေါ်ဆိုနိုင်ပြီဖြစ်ပါကြောင်း ကျေးရွာနေပြည်သူများ အဆင်ပြေစွာဆက်သွယ်လုပ်ဆောင်နိုင်ရန် လက်တွေ့ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)