ကျိုက်လတ်မြို့ (၆) ရပ်ကွက်ရှိ ရွှေဒေါင်း (Gasifier) ဆန်စက်သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ၊ (၆) ရပ်ကွက်ရှိ ရွှေဒေါင်း (Gasifier) ဆန်စက်သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြ ပါသည်။

    အဆိုပါ ကွင်းဆင်းစိစစ်မှုတွင် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု ဆန်/စပါး အရည်အသွေးပြည့်မှီရေး၊ အချိန်အတွယ်များ ပြည့်မှီမှန်ကန်မှုရှိ/မရှိ ၊ ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေ၊ အများပြည်သူများ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန်အတွက် ထုတ်လုပ်မှုစံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်နိုင်ခြင်း ရှိ/မရှိနှင့် အရည်အသွေး ကောင်းမွန်ပြီး အာမခံချက်ရှိသော ထုတ်ကုန်များ ဖြစ်စေရန် လိုအပ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျ ရှိစေရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)