
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်နေ့ ၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးရန်မသင့်သည့် အစားအစာများအကြောင်း၊ ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူ စားသုံးရာ၌ ပါဝင်သည့် ကုန်အညွှန်း အမှတ်အသားကို သေချာစိစစ်ဖတ်ရှု ဝယ်ယူသုံးစွဲ ကြရန်နှင့် ကုန်ပစ္စည်း၏ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးသည့်ရက်၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြား ဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်း မရှိသော ကုန်ပစ္စည်းများကို မသုံးစွဲကြရန်၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်နှင့် စားဆီများကိုလည်း လျော့ချစားသောက်ခြင်းအားဖြင့် ကျန်းမာ ရေးအတွက်များစွာ အထောက်အကူ ဖြစ်ကြောင်းနှင့် မလိုလားအပ်သည့် ရောဂါများ ဖြစ်ပွားခြင်းမှ တားဆီးကာကွယ်နိုင်ကြောင်းနှင့် စားသုံးသူများနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာ ဦးစီးဌာန၏ Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့မှု အပေါ် သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)