ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်မြို့စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီလာရောက်ရောင်းချနေခြင်း

Powered by Drupal

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ရန်ကုန်မြို့မှ စားအုန်းဆီကုမ္ပဏီများဖြစ်ကြသော Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat A Kan ကုမ္ပဏီတို့သည် ဘီးလင်းမြို့နယ်အတွက် (၁၈.၄.၂၀၂၅) ရက်နေ့မှ (၂၆.၄.၂၀၂၅) ရက်နေ့ အထိ (၁) ပတ်စာ ခွဲတမ်းရသော စားအုန်းဆီ (၄၄) ပေပါအား (၂၆.၄.၂၀၂၅) ရက်နေ့တွင် မော်တော်ယာဉ်များဖြင့် သယ်ဆောင်ခဲ့ပြီး ၎င်းနေ့တွင်ပင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချသူ စားအုန်းဆီကိုယ်စားလှယ်များမှ ရောင်းချပေးခဲ့ရာ (၂၆.၄.၂၀၂၅) ရက်နေ့ မှ (၂၈.၄.၂၀၂၅) ရက်နေ့အထိ ဘီးလင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စားသုံးသူများ ထံသို့ စားအုန်းဆီ (၄၄) ပေပါအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း အလေးချိန်ပြည့်ဝစွာ ရောင်းချခဲ့သဖြင့် စားသုံးသူများမှ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးခွင့်ရသဖြင့် နေ့စဉ်လူနေမှုဘဝတွင် စားဝတ်နေရေးစရိတ်များ၌ စားသောက်စရိတ်ကုန်ကျမှု သက်သာစေ ရန် စားအုန်းဆီများကို စိတ်ချမ်းမြေ့စွာ ဝယ်ယူခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)