သထုံမြို့နယ်တွင် အစားအသောက်ရောင်းချသည့်ဆိုင်များအား ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စောင့်ကြည့်စစ်ဆေး

Powered by Drupal

  ၂၈.၄.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ရောင်းချလျက်ရှိသော IC စားသောက်ဆိုင်၊ အောင်သစ္စာစားသောက် ဆိုင်၊ခိုင်သဇင်ထမင်းဆိုင်တို့အား အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက အစားအသောက်ပြုပြင်ရောင်းချသည့် နေရာများမသန့်ရှင်းခြင်း၊ ဝန်ဆောင်မှုပေးသူ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း၊ အစားအသောက်များလတ် ဆက်သန့်ရှင်းမှုမရှိခြင်း စသည့်အကြောင်းအရာများကြောင့် ဖြစ်ပေါ်သည့် ကျန်းမာရေးပြဿ နာများမှ စားသုံးသူကာကွယ်ရန်၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင်မှ ပေးအပ်သည့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် အချက်အလက်များကို အသိပေးဖော်ပြစေခြင်းတို့အား ဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)