
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေး နှင့် ဝန်ထမ်းများသည် (၂၂.၅.၂၀၂၅)ရက်နေ့၊နံနက်(၁၀;၃၀)အချိန်တွင် လပွတ္တာမြို့နယ်တာဝန်ခံရုံး၌ အဝတ်အထည်အရောင်း ဆိုင်လုပ်ငန်းရှင်များအား Online Sale နှင့်ပတ်သတ်သော စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ် ရှင်းလင်း ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ အဝတ်အထည်အရောင်းဆိုင်ပိုင်ရှင် စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)