ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ အ.ထ.က စာသင်ကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများသည် (၂၁.၅.၂၀၂၅)ရက်နေ့ နံနက်(၈:၀၀)အချိန်တွင် ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ တောင်ပိုင်းရပ်ကွက်ရှိ အ.ထ.က စာသင်ကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

     ထို့သို့သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ရာတွင် ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ အ.ထ.က ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ် ခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်း အမှိုက်သိမ်း” ဟူသောလမ်းညွှန်ချက်နှင့်အညီ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)