ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဝက်ဆူကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာရှိစားသုံးသူပြည်သူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် (၂၁.၅.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် ငပုတောမြို့နယ်၊ ဝက်ဆူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာရှိစားသုံးသူပြည်သူများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

    ထို့သို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် တစ်ခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်းဟောပြောဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm.website တွင်လည်းဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြား နိုင်ပါကြောင်းအသိပေးဟောပြောခဲ့ပြီး ထို့ဟောပြောပွဲသို့ စားသုံးသူပြည်သူ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

DOCA(ဧရာဝတီ)