
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် (၂၁.၅.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ငပုတောမြို့နယ် အုန်းပင်စုကျေးရွာရှိ မြရတနာဆန်စက်လုပ်ငန်းရှင်နှင့်တွေဆုံ၍ ဈေးနှုန်းဈေးကွက် နှင့် ဆန်/စပါး သိုလှောင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ အုန်းပင်စုကျေးရွာရှိ မြရတနာ ဆန်စက်မှ ဆန်နှင့်စပါးများအား သိုလှောင်ထားရှိမှုနှင့် ဆန်များအား ဈေးကစားရန်ရည်ရွယ်ချက် ဖြင့် သိုလှောင်ထားခြင်းမပြုကြရန်၊ မြန်မာနိုင်ငံဆန်၊ စပါး အသင်းချုပ်(MRF) မှ ထုတ်ပြန် ထားသော ရည်ညွှန်းဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ဆန်စက်များအနေဖြင့် ဈေးနှုန်းမြင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင် ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)