
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စက်မှုကြီးကြပ် ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မေလ (၂၁) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် (၆) ရပ်ကွက်ရှိ မနောမယိဒ္ဓိ ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်/စပါး ဈေးနှုန်းဈေးကွက် အခြေအနေများ၊ အချိန်အတွယ်စနစ်မှန်ကန်စေရေး၊ ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသော ထုတ်ကုန်အရည်အသွေး ပြည့်မီစေရေး၊ ထုတ်ပိုးမှုစနစ်များ လုံခြုံမှုရှိ/မရှိ Myro တွင် မှတ်ပုံတင်ဆောင်ရွက်ထားခြင်းရှိ/မရှိ ၊ ဆန်စပါး ဈေးနှုန်းဈေးကွက်များ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေတို့ကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)