ဖျာပုံမြို့ ကျုံကူကျေးရွာ “ဣစ္ဆိတံ” ဆန်စက်ရှိ လုပ်သားပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ (၂၁) ရက်နေ့၊ န့နက် (၁၁:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ ကျုံကူကျေးရွာ “ဣစ္ဆိတံ” ဆန်စက်ရှိ လုပ်သားပြည်သူ(၃၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက လုပ်သားပြည်သူများအား မည်သူမဆို စားသုံးသူဖြစ်သည့် အတွက် စားသုံးသူ၏ အခွင့်အရေး အပြည့်အဝ ရရှိနိုင်ကြောင်း၊ နစ်နာ ဆုံးရှုံးမှုများအတွက် အစားထိုး လဲလှယ်ရပိုင်ခွင့်များနှင့် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များကို သိရှိပါက နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ စားသုံးသူရေးရာ ဦးစီးဌာနရုံးများ၌ အရေးဆိုတိုင်ကြားနိုင်ပြီး Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)