
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မေလ(၂၁) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ (၁) ရပ်ကွက်ရှိ “သန့်” ရေခဲချောင်း စက်ရုံသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းရာတွင် “သန့်” ရေခဲချောင်း စက်ရုံမှ တာဝန်ရှိသူ က မိသားစုဝင်များနှင့် လုပ်သားအင်အား(၃) ဦးဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိပြီး စည်ပင်လိုင်စင်၊ စက်မှုကြီးကြပ် လိုင်စင်နှင့် ထုတ်လုပ်ရောင်းချနေသော ရေခဲချောင်းများတွင် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာ ဖော်ပြထားရှိပြီး ဈေးနှုန်းဈေးကွက်အနေဖြင့် ရေခဲချောင်းများကို မြို့တွင်းဖောက်သည်များနှင့် အနီးနားရှိ ကျေးရွာများသို့ ရောင်းချကြောင်းသိရသည်။ ထို့နောက်မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ရေခဲချောင်းများနှင့် ပက်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် MSMEs လုပ်ငန်းများ ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် လိုအပ်သည်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)