
၂၉.၄.၂၀၂၅ ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးသည် ရေးမြို့နယ်၊ စျေးနှင့်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ ကုန်မာဆိုင်ကြီးများကို ရေးတပ်နယ်မှူးဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာ ကော်မတီဝင်များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စုံဆိုင်ကြီးနှင့်ဆောက်လုပ်ရေးဆိုင်ရာကုန်မာ ဆိုင်ကြီးတို့အား ရေးတပ်နယ်မှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စျေးကွက်အတွင်း ဘိလပ်မြေနှင့်သံချောင်းများ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ တားမြစ်ထားသော ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိ တို့ကို အဓိကထား၍ စစ်ဆေးခဲ့ပြီး ကော်မတီအဖွဲ့ဝင် အနေဖြင့်လည်း သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှုမပြုရန် စျေးနှုန်းမှန်ကန်မှု ရှိစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်ပေး ရန်နှင့် သတ်မှတ်စည်းကမ်းချက်များနှင့် မကိုက်ညီပါက ကော်မတီအဖွဲ့ဖြင့်စုံစမ်းစစ်ဆေးပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)