သထုံမြို့နယ်တွင် အခြေခံစားကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၏ ဈေးနှုန်းများမြင့်တက်မှု မရှိစေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

 ၂၉.၄.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ သထုံမြို့ပေါ်ရှိ အခြေခံစား ကုန်ပစ္စည်းဆိုင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာ သထုံမြို့ပေါ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် ပစ္စည်းဆိုင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များကို စစ်ဆေးရာတွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်မှု မရှိစေ‌ရေး၊ ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြစ်ပေါ်စေရေးတို့အတွက် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)