
မအူပင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၅ခုနှစ် မေလ ၂၁ ရက်နေ့ နေ့လည် ၁၃၀၀ နာရီအချိန်က စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမများ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးရှိ တာဝန်ခံ ဦးအောင်ကျော်သက်က စားသုံးသူကာကွယ်ရေး ဥပဒေ ပြဌာန်းထားရှိမှု၊ ဥပဒေပါစားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူတို့၏တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီးပြည်နယ်များ ၊ ခရိုင်ဦးစီးမှူးရုံးများရှိ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်းနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
DOCA(ဧရာဝတီ)