စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) သည် ၂၈.၄.၂၀၂၅ ရက်နေ့ (၁၀:၀၀)အချိန်တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့  ဆွေးနွေးရာတွင်  စားသုံးသူကာကွယ်ရေးဥပ‌ဒေတွင်ပါရှိသော  စီးပွားရေးလုပ်ငန်းရှင်၊ကုန်စည် နှင့်ဝန်ဆောင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများဖြစ်သော စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ အာမခံချက် ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည် ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း စသည့်အချက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများဖြစ်သော မိမိဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူ သိရှိစေရန် ကြိုတင်အသိပေးခြင်း၊မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏  လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံ ထားသောအချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီ ထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်း၊       ကုန်စည်  သို့မဟုတ် ဝန်ဆောင်မှုအပေါ်  တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)