
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ နံနက်(၁၁း၄၅) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် စားဖိုဆောင်သီးနှံလုပ်ငန်းရှင်များဥက္ကဋ္ဌ၊ ထားဝယ်မြို့ရှိ သင်္ဘောကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ရန်ကုန်မြို့မှ ကြက်သွန်နီများအား ကုန်းလမ်းဖြင့်သယ်ယူလာရာ ယခုအခါတွင် ထားဝယ်မြို့သို့ရောက်ရှိနေပြီဖြစ်ပြီး ထားဝယ်မှ မြိတ် လမ်းခရီးအခြေအနေ အခက်အခဲများကြောင့် ထားဝယ်မြို့မှ မြိတ်မြို့သို့ ရေကြောင်းဖြင့်သယ်ယူရန်အတွက် သယ်ယူမည့်ကိစ္စများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)