ထားဝယ်မြို့ပေါ်ရှိဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ နေ့လယ် (၁၅း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူး‌ပေါင်း၍ ထားဝယ်မြို့ အိုးလုပ်ပြင်ရပ်၊ ဗျောတောဝရပ်၊ ခုံဝင်းဒပ်ရပ်ရှိ ဆန်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)