
ဧရာဝတီဒေသတိုင်းဒေသကြီး၊ ဓနုဖြူမြို့၌ စားသုံးသူပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ စားအုန်းဆီ လက်လီဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် မြင်သာသော နေရာဆွင် ဗီနိုင်းချိတ်ဆွဲပြီး ရောင်းချသည့် ပိဿာဖော်ပြထားခြင်း ရှိ/မရှိကို ၄ရပ်ကွက် ငွေမိုးကုန်စုံဆိုင်၊ ၅ရပ်ကွက် မောင်မြကုန်စုံဆိုင်၊ ၅ရပ်ကွက် ဟန်တုံ ကုန်စုံဆိုင်၊၆ရပ်ကွက် ဒေါ်အေး ကုန်စုံဆိုင်၊ ၅ရပ်ကွက် တိုင်းချစ်မောင်ကုန်စုံဆိုင် (၅ဆိုင် တို့အား ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါစားအုန်းဆီသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မှာယူတင်သွင်းခဲ့သော စားအုန်းဆီများဖြစ်ပြီး တစ်အိမ်ထောင်လျှင်(၁)ပိဿာ ၅၀ နှုန်း၊လစဉ်သတ်မှတ်ရက်အတွင်း ဝယ်ယူရရှိနိုင်ရေးနှင့် နေ့စဉ်ဆီရောင်းချမှု ပမာဏနှင့် ရည်ညွှန်းဈေးများ ဖော်ပြ၍ သတ်မှတ်ချက်များအတိုင်း ရောင်းချမှူ ရှိ/မရှိကို ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရောင်းချသူလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)