ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူး‌ပေါင်း၍ ထားဝယ်မြို့ ကမြောကင်းလမ်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ဘိလပ်မြေစျေးနှုန်းများနှင့်ရရှိမှုအခြေအနေများ၊ လက်ကျန်အခြေအနေများ ဝိသမလောဘဖြင့် သိုလှောင်မှုများရှိ/မရှိ  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)