ထားဝယ်မြို့ပေါ်ရှိ စားသောက်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။         

    အဆိုပါ စစ်ဆေးရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)