
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီ အချိန်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော (၄/၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံးများရှိဝန်ထမ်းများမှ online virtual ဖြင့် တက် ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယညွှန် ကြားရေးမှူးချုပ်မှပြောကြားခြင်း၊ ရုံးချုပ်၊စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူးမှ(၃/၂၀၂၅) ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရုံးချုပ်၊ ဌာနခွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ အရာထမ်း/ အမှုထမ်းများမှ လိုအပ်သည်များအား ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားအား နေ့လယ် (၁၅း၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)