
ကျောက်ဆည်မြို့နယ်အတွင်းတွင် အခြေခံစားသောက်ကုန်စျေးနှုန်းများနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများစျေးနှုန်းမြင့်တက်မှုမရှိစေရေးထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ထိန်းသိမ်းကြပ်မတ်ရေးအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ထိန်းကြောင်းပေးလျက်ရှိကြောင်းသိရပါသည်။မတ်လ(၂၈)ရက်နေ့တွင်လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အဆောက်အဦးအများအပြားပြိုကျပျက်စီးခဲ့ရာဦးစားပေးအနေဖြင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော ဘိလပ်မြေ၊အုတ်၊သဲ၊ကျောက်၊သွပ်ပြားများ၊သံချောင်းများ စျေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေး ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းဖြင့်သာရောင်းချစေရေး ကွင်းဆင်း ထိန်းသိမ်းကြပ်မတ်ပေးလျက်ရှိကြောင်း ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့အနေဖြင့်(၂၃-၄-၂၀၂၅)ရက်နေ့ တွင်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်(၉)ဆိုင်၊ (၂၄-၄-၂၀၂၅)ရက်နေ့တွင် (၁၇)ဆိုင် တို့အားကွင်းဆင်းစစ်ဆေးနိုင်ခဲ့ပြီး ပူးပေါင်းအဖွဲ့အနေဖြင့် နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
DOCA(မန္တလေး)