
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သောဒေသဖြစ်သည့်အတွက် မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များအား ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းတို့မှ အများဆုံးဝယ်ယူ လျက် ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ၂၀၂၅ခုနှစ်၊ မေလ (၁၆)ရက်နေ့တွင် မြိတ်ခရိုင်သို့ တင်ဆောင်လာသော ဆန်တန် (၅၀၀)၊ အိတ်ရေ (၁၀၀၀၀) သည် MV-ရတနာမယ် ရေယာဉ်ဖြင့် ၂၀၂၅ခုနှစ်၊ မေလ(၂၁)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာ သဖြင့် အဆိုပါဆန်လှေများအား ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန အပါအဝင် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(တနင်္သာရီ)