
အငြိမ်းစားဝန်ထမ်းများအား စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားကုန်များဝယ်ယူနိုင်ရေး တွက် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သမဝါယမဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသော ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ အခြေခံစားကုန်များကို မြန်မာ့ စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ရောင်းချရာတွင် ဆန်(၁)ပြည်လျှင်(၃၆၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား(၂၅)ကျပ်သားတစ်ထုတ်လျှင်(၅၀၀)ကျပ်၊ ဘရစ်နီငါးခြောက်(၅)ကျပ်သားတစ်ထုတ် လျှင်(၂၀၀၀)ကျပ်၊ ပုဇွန်ခြောက်အသေး(၁၀)ကျပ်သားတစ်ထုတ်လျှင်(၅၀၀၀)ကျပ်၊ ကုလားပဲခြမ်း (၁၅)ကျပ်သားတစ်ထုတ်လျှင်(၁၀၀၀)ကျပ်နှင့် ချဥ်ပေါင်ရွက်တစ်စည်းလျှင်(၂၀၀)ကျပ်နှုန်းဖြင့် ရောင်း ချပေးခဲ့ ကြောင်းသိရှိရပြီး အငြိမ်းစားဝန်ထမ်းများအား ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ အခမဲ့ကျန်းမာ ရေးစစ်ဆေးခြင်းနှင့် အခမဲ့ဆေးဝါးထောက်ပံ့ပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)