မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၂၂.၅.၂၀၂၅)ရက်နေ့၊ မွန်းလွဲ (၂း၃၀) ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနဝန်ထမ်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပါသည်။

       အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထည့်သွင်းရမည့်အချက်များရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ၏ အခွင့်အရေး(၈)ချက်၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများအား ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ ဝန်ထမ်း(၁၄)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)