မြိတ်မြို့တွင် Online Sale အကြောင်းသိကောင်းစရာများအကြောင်းကို Talk Show ပြုလုပ်

Powered by Drupal

     မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများသိရှိစေရန်အတွက် ၂၀၂၅ခုနှစ်၊ မေလ(၂၃)ရက်နေ့တွင် စားသုံးသူအခွင့်အရေးအသိပညာပေး Talk Show အစီအစဉ်ကို မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Community Center ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ၎င်းTalk Show အစီအစဉ်ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ အဖွင့်စကားပြောကြားခြင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး- ဒေါ်မိုးသီသီမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ၏တာဝန်များ အ ကြောင်း၊ စားသုံးသူများ၏နစ်နာမှုနှင့် တိုင်ကြားနိုင်သည့်နေရာများအား အများပြည်သူဗဟုတုတဖြစ် ဖွယ်အသိပညာပေးဟောပြောခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ Website ဖြင့်ဖြစ်စေ၊ Doca Myanmar applicationဖြင့်ဖြစ်စေ တိုင်ကြား၍ရနိုင်ကြောင်းနှင့် စားသုံးသူအသိပညာပေးခြင်း၏ ရည်ရွယ်ချက် များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)