ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်သက်သာသောစျေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များရောင်းချ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ပြည်နယ်စည်ပင် သာယာရေးအဖွဲ့၊ ရှမ်းပြည်နယ်မွေးမြူရေးအဖွဲ့နှင့်ပူးပေါင်း၍ သက်သာသောစျေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များ အပါအဝင် စားအုန်းဆီများကို ပြည်သူများအား စျေးနှုန်းသက်သာ စွာဝယ်ယူနိုင်ရေး ၂၀၂၅ခုနှစ်၊ မေလ(၁၉) ရက်နေ့တွင် ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ ရတနာသီရိ ရပ်ကွက်၊ စဝ်စံထွန်းရပ်ကွက်နှင့် ကရင်မရေထွက်ရပ်ကွက်တွင် ဈေးကားများဖြင့် လှည့်လည် ရောင်းချခဲ့ကြောင်းသိရှိရပါသည်။ အခြေခံစားသောက်ကုန်များတွင် ဆန်၊ ဆီ၊ဆား၊ဟင်းချိုမှုန့်၊ ကြက်ဥ၊ ဝက်သား၊အမဲသား ၊ငါးနှင့် မန်ကျည်းသီး၊ ငရုတ်၊ ကြက်သွန်နှင့်အသင့်စား ခေါက်ဆွဲခြောက် များပါဝင်ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)