ကောင်းမွန်သော အစီအမံဖြင့်လက်တွဲဆောင်ရွက်

Powered by Drupal

     ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ ဝန်ထမ်းများနှင့်စားသုံးသူများအနေဖြင့် နေရေးထိုင် ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရုံးလုပ်ငန်းများကြားမှ အင်တိုက်အားတိုက် ပြင်ဆင်မွမ်းမံမှုပြုနေကြရပါသည်။ ထို့အတွက်များပြားသည့်တာဝန်တို့ကြောင့် မိသားစုစားဝတ် နေရေးအတွက် လိုအပ်ချက်များစွာရှိသည်ကို သိရှိရပါသည်။ ထိုသို့သော လိုအပ်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့ ၊တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ ၊သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ နေပြည်တော်ရှိ ဝန်ထမ်းများနှင့်စားသုံးသူများအတွက် ကောင်းမွန်သောအစီအမံများ ဖြင့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။

         ပြန်လည်ထူထောင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနအစီအမံဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့်ကုမ္ပဏီ (၆၂)ခုတို့ ပူးပေါင်းဆောင်ရွက်လျက် လိုအပ်ချက်များကို စနစ် တကျ ဖြည့်ဆည်းပေးလျှက်ရှိသည်ကို သိရှိရပါသည်။ နေပြည်တော်ကောင်စီနယ်မြေ တပေါင်း ကွင်းတွင် ပြန်လည်ထူထောင်ရေး လိုအပ်ချက်များကိုဖြည့်ဆည်းသည့် အနေဖြင့် ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများကို ရောင်းချပေးလျှက်ရှိကြောင်းသိရပါသည်။ လူတစ်ဦးလျှင် မှတ်ပုံတင် အိမ်ထောင်စုဇယား အထောက်အထားတင်ပြနိုင်ပါက ဘိလပ်မြေ တစ်အိတ်လျှင် ၁၉၅၀၀ိ/- နှင့် (၂၀)အိတ်ဝယ်ယူနိုင်ကြောင်း ထိခိုက်ပျက်စီးမှုများပြားလျှင် မှတ်တမ်းများ ၊ရပ်ကွက်နှင့် ဒေသ ဆိုင်ရာထောက်ခံချက်များဖြင့်တင်ပြပါက ပိုမိုဝယ်ယူနိုင်ကြောင်းသိရပါသည်။ အခြားသော အိမ်ဆောက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများကိုလည်း ကုမ္ပဏီပေါင်း (၆၂)ခုမှ ဖြည့်ဆည်းရောင်းချ ပေးလျှက်ရှိကြောင်း သိရပါသည်။ ထိုသို့သောကောင်းမွန်သည့် အစီအမံကောင်းများဖြစ်ပေါ် လာသည့်အတွက်ဝန်ထမ်းနှင့်ပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ် နေကြမည်ဖြစ်ပေသည်။

        နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် စားသုံးသူပြည်သူများ လွယ်ကူစွာ ဝယ်ယူ စားသုံးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ၏လမ်းညွှန်မှုဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ရှမ်းတောင်ဒေသထွက်ဟင်းသီးဟင်း ရွက်နှင့်သစ်သီးဝလံများကို ဧပြီလ (၃၀) ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဟင်းသီးဟင်း ရွက် သစ်သီးဝလံများကို အမယ် (၁၃) မျိုးခန့်ရက်သတ္တသုံးပတ်အတွင်း ကုန်ပိဿာချိန် (၇၀၀၀) ကျော်ခန့်ရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။ နေပြည်တော်ကောင်စီ စားသုံးသူရေးရာဦးစီးဌာန၌လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနရုံးများသို့ ဈေးကားများဖြင့် လှည့်လည် ရောင်းချခဲ့ကြောင်းသိရှိရပါသည်။ အခြားပြည်နယ် တိုင်းများမှလည်း ဆန်၊ဆီ၊ဆား၊ ငပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥ၊ အမဲသား၊ ဝက်သား၊ ငါး စသည့် ကုန်မျိုးစုံကိုလည်း အလှည့်ကျ စနစ်ဖြင့်ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးနေကြောင်း စေတနာရှေ့ထား ရေးသားလိုက်ရ ပါသည်။

DOCA(ရှမ်း)