ဆင်းကတ်အရောင်းဆိုင်များအား အဖွဲ့စုံဖြင့် စစ်ဆေးခြင်း

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် ဌာန၏လုပ်ငန်းများအပြင် သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ (၅.၅.၂၀၂၅)ရက်နေ့တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ရွှေဘိုမြို့နယ်တာဝန်ခံသည် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ် ထားသည့် ခရိုင်/မြို့နယ်တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ဝင်များဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲတို့နှင့် ပူးပေါင်းစစ်ဆေးခဲ့ကြပါသည်။

       ရွှေဘိုမြို့အမှတ်(၃)ရပ်ကွက်ရှိ Htun Mobile၊ Linn Mobile၊ Friend Mobile၊ ရွှေဒင်္ဂါးဖုန်းဆိုင်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ကြယ်တံခွန်ဖုန်းဆိုင်၊ မိုးဇက်ဖုန်းဆိုင်များအား ဆင်းကတ်အရောင်း ကိုယ်စားလှယ် များ၊ အရောင်းဆိုင်(POS)များအပါအဝင် ဆင်းကတ်ရောင်းချသူမည်သူမဆို အော်ပရေတာများနှင့် စာချုပ် ချုပ်ဆိုထားခြင်းရှိ/မရှိ၊ ကြိုတင်မှတ်ပုံတင်ထားသော ဆင်းကတ်များ ရောင်းချမှုမရှိစေရေးနှင့်  ဆင်းကတ်များကို ဆင်းကတ်မှတ်ပုံတင်းခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြုလုပ်ပြီး ရောင်းချမှုရှိ/မရှိ၊ ရောင်းချသူများမှ  သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်မှန်ကန်စွာဖြင့် ဆင်းကတ် မှတ်ပုံတင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းတို့နှင့်ပတ်သက်၍ လိုက်နာရမည့်အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆင်းကတ်များကို စနစ်တကျမှတ်ပုံတင်ရောင်းချခြင်းနှင့်  လွှဲပြောင်းရာတွင် စနစ်တကျပြန်လည်မှတ်ပုံတင်ခြင်း အမိန့် ကြော်ငြာစာအမှတ်(၁၈/၂၀၂၃)အား အသိပညာပေး ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)